မြစ်သားမြို့ ရွှေမုဌောဘုရားဝန်းအတွင်း သန့်ရှင်းသပ်ရပ်စေရေး စုပေါင်းဆောင်ရွက်

မြစ်သား   ဖေဖော်ဝါရီ    ၁

မန္တလေးတိုင်းသေကြီး၊ မြစ်သားမြို့ ရွှေမုဌောဘုရားဝန်းအတွင်း၌ ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ရှမ်းပွဲရပ်ကွက်ရှိ ရွှေမုဌော ဘုရားဝန်းအတွင်း/ပြင်နေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဦးနိုင်မင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၌ ရွှေမုဌောဘုရား ဝန်းအတွင်း၌ ဘုရားဖူးပြည်သူများကြည်လင်အေးချမ်းစွာ ဝင်ရောက်ဖူးမျှော်နိုင်စေရန် အမှိုက်များ ရှင်းလင်းခြင်း၊ ပေါင်းပင်မြက်ပင်များ ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းများကို ပူးပေါင်း ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

သီတာအောင်(မြစ်သား)