မိတ္ထီလာတွင် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လက်တွေ့သရုပ်ပြပွဲ ကျင်းပ

မိတ္ထီလာတွင် ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ခရိုင်မီးသတ်စခန်းတွင် ကျင်းပဆောင်ရွက်ကြောင်း သိရ သည်။

ရှမ်းပြည်နယ်၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား ကလေးများ/ လူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းစာတွေ့/လက်တွေ့(၁)လ သင်တန်းကို သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ၊ ပုံဆွေပင်ကျေးရွာ၊ ပုံဆွေပင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့အမှတ် (၃)ရပ်ကွက်၌ ဒေသနေ ပြည်သူများအား၊ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့်ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး များကို သတိပြုကာကြိုတင်ကာကွယ်နိုင်စေရေးအတွက်အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ သည်။

လွိုင်လင်မြို့ Church ကျောင်းတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ နှင့်စားဖိုဆောင်သီးနှံများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ Church ကျောင်းတွင် ရောက်ရှိနေသည့် ကယားပြည်နယ်မှ တိုက်ပွဲရှောင်ပြည်သူများအား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဆန်၊ ဆီ ၊ ကြက်ဥ ၊ ရေသန့်ဘူးများနှင့် စားဖိုဆောင်သီးနှံများကို ယမန်နေ့  မွန်းလွဲ  ၂ နာရီက အဆိုပါ Church ကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုး‌ဆော်ချက်များအား ကျေးရွာအရောက် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယ‌မန်နေ့မွန်းလွဲပိုင်း မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လိုက်လံ နှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။

မန်ကန်မြို့ ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက် သာသနာ့ဝေပုလ္လပရိယတ္တိ စာမေးပွဲ၏ (၈)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၏ ဆရာတော်ဘုရား ကြီးမှူးကျင်းပအပ်သော (၈)ကြိမ်မြောက် သာသနာ့ဝေပုလ္လပရိယတ္တိစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းနားကို ယမန်နေ့ နံနက်ပိုင်းက ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘောဂလိမြို့၌  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး  အသိပေးနှိုး‌ဆော်ချက်များ လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော် ခဲ့ကြသည်။

ကျောက်ကြီးမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲခန်းမဆောင်၌ ယမန်နေ့ နံနက် ၁၀ နာရီက (၇၅)  နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲအား မြို့နယ် အခြေခံပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည်။

တနင်္သာရီမြို့နယ်(လဝက)ဦးစီးဌာနမှ ကျောက်တလုံးကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိ​စစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းများသည် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စုအတွင်းမှ ကျေးလက်နေပြည်သူများအား မြေမအုံကျေးရွာ( Cyclone Shelter) ခန်းမဆောင်အတွင်း ဇန်နဝါရီလ(၃၀ရက်နှင့်၃၁ရက်) (၂)ရက်တိတိ ကွင်းဆင်းပြုလုပ်ပေးနေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မာလကာကုန်း (အရှေ့စု)​ကျေးရွာတွင် အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်း၊ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းဖွင့်ပွဲနှင့် အနေ

ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မာလကာကုန်း (အရှေ့စု)ကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်  အိမ်သွယ်ရေတိုင်စနစ်သွယ်တန်းခြင်းနှင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်ကကျင်းပခဲ့ကြောင်းသိရသည်။ 
Subscribe to