စဉ့်ကိုင် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ဖေဖော်ဝါရီ ၁ ရက်ယနေ့တွင် ဈေးများလမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာစည်ကားလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်း တို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်လူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် လှုံ့ဆော်ကြေညာခဲ့သော်လည်း ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှုများအား လိုက်နာလုပ်ဆောင်ခြင်းမရှိဘဲ ယခုကဲ့သို့ ပုံမှန်အတိုင်း သွားလာ စည်ကားလျက် ရှိခြင်းဖြစ်သည်။
စဉ့်ကိုင်မြို့ရှိ မြို့မဈေးနှင့် အခြားဈေးများတွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ ပုံမှန်အတိုင်း စည်းကားလျက်ရှိပြီး လမ်းမကြီးများနှင့် ရပ်ကွက်များ၊ ဈေးဆိုင်၊ စတိုးဆိုင်များ ၊လက်ဖက်ရည်ဆိုင်များ ပုံမှန်အတိုင်း သွားလာလှုပ်ရှား စည်ကားလျက်ရှိကြောင်း သိရသည်။
ညိုညို၀င်း