ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖက်ဝိုင်းပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးမိုးမှဦးစီးပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းပြီး စာဖက်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားSinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Sinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းကို ဇန်နဝါရီ လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဟန်ကချင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဘုတ်ပြင်းမြို့နယ်တွင် သတင်းထုတ်ပြန်ချက်များအား ဒေသခံပြည်သူများသိရှိစေရေးအသိ‌ပေး နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်တွင်  Silent Strike (အသံတိတ်သပိတ်)နှင့်ပက်သက် ပြီးဒေသခံပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယမန်နေ့ ည(၆)နာရီက မြို့ပေါ် ရပ်ကွက်များနှင့်‌ ကျေးရွာများအတွင်း အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Social Media အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Social Media အသုံးပြုနည်း သင်တန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ သင်တန်းတွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ယနေ့ခေတ် လူငယ် များသည် Social Media များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်ကိုတွေ့ရကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အသုံးပြုမှုများက မတူညီကြကြောင်း၊ အနောက် နိုင်ငံများတွင် Twitter, Instagram တို့ကို အသုံးများပြီး အရှေ့အာရှပိုင်းနိုင်ငံများတွင် facebook ကိုအသုံး များသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပြည်သူ သန်း ၂၀ ကျော်သည် Social   Media အား နေ့စဉ်သုံးစွဲလျက်ရှိနေပြီး နေ့စဉ်လူနေမှုဘဝ ပြောဆိုဆက်သွယ်ခြင်းများ၊  လုပ်ငန်းဆိုင်ရာ ဆက်သွယ်ခြင်းများကို Social Media မှတစ်ဆင့်  ဆက်သွယ်ပြောဆိုလျက်ရှိလာသည်ကို တွေ့ရကြောင်း၊  မြန်မာနိုင်ငံတွင် facebook ကိုအလေးပေး အသုံးပြုခဲ့ကြပြီး ပညာရှင်များက အချိန်အကန့်အသတ်ဖြင့် Social Media ကိုအသုံးပြုကြရန် သတိပေးကြကြောင်း၊ Social Media များသည် ဆိုးကျိုးများရှိသလို တစ်ဖက်မှာလည်း အကျိုးကျေးဇူးများစွာရှိကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ချင့်ချိန်၍ ကိုယ်ပိုင်အတွေးအခေါ်အသိဉာဏ်များဖြင့် စဉ်စားစေလိုကြောင်း ပြောကြားသည်။

ဘုတ်ပြင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးဦးတွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက်   စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးဦးတွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၂) နာရီအချိန်က  မြို့နယ်အားကစားခန်းမတွင်  ကျင်းပလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လိုက်လံအသိပေးမှုများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင်  ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက Silent strike (အသံတိတ်သပိတ်) အသံ ထွက် သပိတ်မပြုလုပ်ကြရန် ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စည်ပင်သာယာဈေးများနှင့် အိမ်ဆိုင်များအား သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းချသူများအား ထပ်ဆင့်လိုက်လံအသိပေးမှုများဆောင်ရွက်ကြကြောင်းသိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို အထက(၁)၊ ပညာရတနာခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီအထိ “စည်းလုံးချစ်ကြည် မြန်မာပြည်ပျော်ရွှင်ဆင်နွဲပြည်ထောင်စုပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ အထက(၁)၊ အထက် တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၇)ဦးတို့က စိတ်ပါ၀င်စားစွာဖြင့် ဖြေဆိုခဲ့ကြကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်မဲမြို့နယ်အတွင်း အများပြည်သူ သိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက် အား အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင်ပါဝင်မှုမရှိစေရေး  နိုင်ငံတော်အစိုးရ၏ သတင်းထုတ် ပြန်ချက်များအား သိရှိစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်သို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုး‌ဆော်ချက်များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ Booster Dose ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ လျှော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက အသက်(၁၈)နှစ်အထက် ပြည်သူများအား Booster Dose ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်ရှိ ပြည်သူ ၄၁၅ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းဦးဆောင်၍ ဇန်နဝါရီလ ၂၀၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ဟားခါးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ ပြည်သူ ၃၇၂ ဦး၊ ဟားခါးမြို့ပေါ်ရှိ ပြည်သူ   ၄၃ ဦး၊ ပေါင်း ၄၁၅ ဦးကို  Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
Subscribe to