စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ၁ )ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၁၇ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6)ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၇၁)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဗန်းမော်မြို့ သိမ်မဟာစေတီတော်ဘုရားဝင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူနှင့်မိသားစုများ၊ အလှူရှင်များတို့သည် ဖေဖော်ဝါရီ ၁ ရက် နံနက် ၁ဝ နာရီက သိမ်မဟာစေတီတော်ဘုရားဝင်း၌  ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အထက(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့  ရုံးလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင် ၊မြန်အောင် မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် ရုံးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လသာမြို့နယ်တွင်အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်​နေ့​နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂)လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကျင်းပခဲ့သည်။

ကမာရွတ်မြို့နယ်တွင်းရှိ စျေးဆိုင်များ ပုံမှန်စျေးများ ရောင်းချလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အခွန်လွတ်စျေး၊ လှည်းတန်း​စျေး၊ (​ပေ၅၀)​စျေး၊ သံလွင်​စျေး၊ ဆင်မလိုက်​စျေးနှင့် ဦးရွှေမှန်စျေးတို့တွင် ယနေ့နံနက်ပိုင်းက ကုန်မျိုးစုံဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းနှင့်အသား ငါးစျေးဆိုင်များအား ပုံမှန်နေ့ရက်များအတိုင်း စျေးသည် စျေးဝယ်များနှင့် ဝယ်ယူရောင်းချနေလျက်ရှိကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တွံတေးမြို့နယ် ရွာသစ်ကြီး၊ ရွာသစ်ကလေးသွားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဌက်ပျောစမ်းကျေးရွာအုပ်စု၊ ရွာသစ်ကြီး၊ ရွာသစ်ကလေးကျေးရွာ ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက အဆိုပါ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ခဲ့သော ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့တွင် တိုင်းဒေသကြီးရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေ များဖြင့်ဆောင်ရွက် ပြီးစီးခဲ့သော အေးမြသာယာရပ်ကွက် ဗန္ဓုလ လမ်းသွယ်(၂) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to