ပြင်ဦးလွင်ခရိုင်ရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးTalk Show ကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးTalk Show ကျင်းပခဲ့ ကြောင်းသိရသည်။

အဆိုပါTalk Showတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်ငုချိုချိုကျော်မှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကိုမေးမြန်းရာ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့လင်းမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၏ရည်ရွယ်ချက်များနှင့်လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါဆွေးနွေးမှုတွင် ဦးစီးဌာန၏ရည်ရွယ်ချက် (၂)ရပ်ကိုအကောင်အထည်ဖော်ရန်လုပ်ငန်းတာဝန်(၆)ရပ်ကိုချမှတ်ပြီးဆောင်ရွက်လျက်ရှိကြောင်း၊မြန်မာနိုင်ငံတွင်အဖြစ်များသည့်ဘေးအန္တရာယ်များနှင့်ပြင်ဦးလွင်ခရိုင်အတွင်းအဖြစ်များသည့်ဘေးအန္တရာယ်များအကြောင်း၊သဘာဝဘေးဖြစ်ပွားလာလျှင် ဦးစီးဌာနအနေဖြင့် ထောက်ပံပေးမှုများ၊ သဘာဝဘေးဖြစ်ပွားလာလျှင် အချိန်မီ ထောက်ပံနိုင်ရန် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၅၀၀)စာနှင့် သပိတ်ကျင်းမြို့နယ် ဦးစီးမှုးရုံးတွင် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၅၀)စာသိုလှောင်ထားရှိပြီး သဘာဝ ဘေးဖြစ်ပွားလာပါက အချိန်မီထောက်ပံ့နိုင်ရန်စီစဉ်ထားရှိကြောင်းစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ခရိုင်ပြန်/ဆက်(ပြင်ဦးလွင်)