အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီ ညနေ (၄) နာရီအထိ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ရန်နှင့် ညနေ(၄)နာရီအချိန်တွင် အသံတိတ်သပိတ် အောင်မြင်ခြင်းအနေဖြင့် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ ပြုလုပ်ကြရန် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေယာယီစျေးသို့ လာရောက်ကြသည့် ဈေးရောင်း/ဈေးဝယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စျေးတာဝန်ခံနှင့် ဝန်ထမ်းများက အသံချဲ့စက်ဖြင့် စျေးအတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။