ဒေါပုံ ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ဒေါပုံဈေးတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပညာပေးခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ ဒေါပုံစျေး၊ mobile ဖုန်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ၊ CAPITAL ဝင်ပေါက် ထွက်ပေါက်များ၊ ကားဂိတ်များ အစရှိသည့် နေရာများအား ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်း၊ စျေးအတွင်း အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)