ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် အခြေခံပညာအလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကလေးငယ်များ စာပေလေ့လာဖတ်ရှုတတ်စေရေး၊ မြန်မာ့ရိုးရာ စကားပုံများကို သိရှိနားနိုင်ရေးကို ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သည့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခေါဇာမြို့တွင်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆုတ်(၁)ရက်နေ့တွင်ကျရောက်မည့် (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  မြို့လယ်ဘုရား‌ရှေ့တွင် ပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို‌ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်ယမန် နေ့နံနက် (၁၀)နာရီက(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲကို  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၂)ဖွင့်လှစ်သင်ကြားပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၂) ကိုယမန်နေ့က သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို (Talk Show)ဆောင်ရွက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show)ကို ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့သည်။

ဟိုပုံးမြို့၌ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းတို့ပူးပေါင်း၍ ပြည်သူများ အစားအသောက်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစေရန်အတွက် အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်း မ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယငရုပ်မျိုးစိုက်တောင်သူများ တစ်ပိဿ တစ်ထောင်နှစ်ရာရောင်းချရခြင်းကြောင့် မိသားစု ဝင်ငွေအဆင်ပြေနေကြ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြစ်ရေတင်ဖြင့် အိန္ဒိယငရုပ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာ သည့် ငရုပ်သီးစိမ်း တစ်ပိဿတစ်ထောင်နှစ်ရာကျပ် ရောင်းချရခြင်းကြောင့် အိန္ဒိယငရုပ်မျိုးစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျွန်းလှ၌ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစား ကွင်းများ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
Subscribe to