ခေါဇာ ဖေဖော်ဝါရီ ၄
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆုတ်(၁)ရက်နေ့တွင်ကျရောက်မည့် (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့လယ်ဘုရားရှေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မွန်လူငယ်ဘင်ခရာအဖွဲ့မှဦးဆောင်ချီတက်ကာ (၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့(စိန်ရတု) ဖြစ်မြောက်ရေးကော်မတီ မှတာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်းကာ သတ်မှတ်နေရာတွင် စုပေါင်းစိုက်ထူ၍ မွန်အမျိုးသားသီချင်းကို သီဆိုကာ မွန်အမျိုးသားအလံတော်အား အလေးပြုခဲ့ကြောင်းသိရ သည်။
ခေါဇာ(ပြန်/ဆက်)