ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို (Talk Show)ဆောင်ရွက်

ပလောက်  ဖေဖော်ဝါရီ    ၄

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show)ကို ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ယနေ့ခေတ်လူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိတ်ခရိုင်၊ ပလောက်မြို့ရုံးမှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ အများပြည်သူ သိသင့်သိထိုက်သည့် အကြောင်း အရာများဖြင့် လစဉ်ပြုလုပ်ဆောင်ရွက်ပေးပြီး ပလောက်မြို့  ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

နှင်းမြူလွင်