ပဲခူးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပခဲ့ သည်။