(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျွန်းလှ၌ ကျင်းပ

ကျွန်းလှ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစား ကွင်းများ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

ထို အားကစားပြိုင်ပွဲများအဖြစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုဘုရင်ပြိုင်ပွဲ၊ အေရိုးဗစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အခြေခံပညာကျောင်းများတွင် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများအား ဖေဖော်ဝါရီ () ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်း ထံမှသိရ သည်။

အဆိုပါ အားကစားပြိုင်ပွဲများကျင်းပနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်းနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ