ရခိုင်ပြည်နယ် မောင်တောမြို့၌ ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့မှ ကြီးမှူး၍ ကျင်းပ ပြုလုပ်ခဲ့သော ပထမအကြိမ် ဓမ္မပူဇနိယ တရားပွဲတော် ပိတ်ပွဲအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့မှ ကြီးမှူး၍ ပထမအကြိမ် ဓမ္မပူဇနိယ တရားပွဲတော်ကို သာသနာ တော်နှစ် ၂၅၆၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခု၊ တပို့တွဲလဆန်း(၁)ရက်နေ့မှ(၃)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ ပိတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန် မြို့မ အရှေ့ ရပ် ကွက်ရှိ သီရိမင်္ဂလာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့ အ.ထ.က(၄)ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်း အဆင့် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)အချိန်က ဘားအံမြို့ အ.ထ.က(၄)ကျောင်းတွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သံဃာအဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးခြင်းဆိုင်ရာ အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွာငယ် ကျောင်းသစ်ကျောင်း၌ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ သံဃာအဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးခြင်းဆိုင်ရာ အခမ်းအနားအား ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါ ကျောင်းတိုက်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ကျောင်းသား၊ ကျောင်းသူများအား ပညာပေးဟောပြောဆွေးနွေး

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ညောင်ဦးမြို့ လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ညောင်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့‌သည်။

အမှတ်(၃)ရပ်ကွက် အလက(ခွဲ) ကျောင်းတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသားကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ(၂)နေ့လည် ၂ နာရီတွင် အမှတ်(၃)ရပ်ကွက် အလက (ခွဲ) ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်(၁၁) နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to