ဝါးခယ်မ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်ယမန် နေ့နံနက် (၁၀)နာရီက(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာမူလတန်းလွန် တိုးချဲ့မြို့သစ်ကျောင်းမှ ကျောင်း သား/ ကျောင်းသူများက ပြည်ထောင် စုနေ့တို့မမေ့ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဒေါ်ရီရီလွင်က ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)