ဟိုပုံး ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ငွေကျပ် (၂၀.၇၅)သန်းဖြင့် ထွန်းလှမင်းသစ္စာကုမ္မဏီမှ ဆောင်ရွက်သည့် အလျား (၁၀၀၀)ပေ၊ အနံ (၁၂)ပေရှိ နောင်ဗိုလမ်းသွယ် (၂)ကတ္တရာ လမ်းခင်းခြင်း ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ် ခွင့်ပြုရန်ပုံငွေ ငွေကျပ် (၃၅)သိန်းဖြင့် ဖြင့်ဆောင်ရွက်သည် အလျား (၁၃)ပေ၊ အနံ (၇)ပေ၊ အမြင့် (၁၄)ပေရှိ ဟိုပုံး-ဆီဆိုင်သွား လမ်းဘေးရှိ မြို့အဝင် ဆိုင်းဘုတ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ မြို့ဦးရပ်ကွက် ကိုယ်အားကိုယ်ကိုးဆောင်ရွက်သည့် တမာလမ်း ကွန်ကရစ်တံတား ဆောက်လုပ်နေမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)