သာပေါင်း ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၂) ကိုယမန်နေ့က သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။အခမ်းအနားတွင် ဂုံမင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက် ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးဇော်ဝင်းနိုင်နှင့်သင်တန်း နည်းပြဆရာ၊ ဆရာမများက ကြက်ခြေနီ အသိပညာပြန့်ပွားစေရန်၊ ထိခိုက်ဒဏ်ရာရရှိသော ရပ်ရွာလူထုကို ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် ကူညီ ကယ်ဆယ်နိုင်စေရန်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင် တိုးပွားလာစေရေးတို့အတွက် ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် တတ်ရောက်လာကြသော သင်တန်းသား၊သူ (၂၆) ဦးတို့ကို (၃-၂-၂၀၂၂) မှ (၅-၂-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)