မိတ္ထီလာမြို့နယ် ဖိုးမိုးကြီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဝါးရုံကျေးရွာအုပ်စု ဖိုးမိုးကြီးကုန်းကျေးရွာတွင် မြစိမ်းရောင် ကျေရွာ စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ စင်မကော်ကျေးရွာတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စင်မကော်−တာပကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ရှိ စင်မကော်ကျေးရွာတွင် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သော စင်မကော်−တာပကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့များ သက်တမ်းပြည့်အနားယူခြင်း၊ လစ်လပ်နေရာအစားထိုးခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးကျင်းပ

မိတ္ထီလာမြို့ နယ်သံဃနာယကအဖွဲ့များ သက်တမ်းပြည့်အနားယူခြင်း၊ လစ်လပ်နေရာ အစားထိုးခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင်နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က နန်းတော်ကုန်း ရပ်ကွက်ရှိ သဒ္ဓမ္မဝံသာရုံကျောင်းတိုက်၊ သဒ္ဓမ္မပရိယတ္တိဗိမာန်တွင် ကျင်းပကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပန်းတနော်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည်ရှု စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ် ရွှေကျောင်းမြောက်ကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာရှိ ချမ်းသာကြီးဘုန်းတော်ကြီးကျောင်းသို့ ယမန်နေ့ နံနက် ၁၁ နာရီခွဲကရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်နည်းသင်တန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘိုကျေးရွာရှိ သိုက်ချောင်းဖွံ့ဖြိုးရေးဆည် ရေထိန်းတံခါးနှင့် ရေနုတ်မြောင်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်ဦးသည် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့၊ ကုန်းဘိုကျေးရွာ သိုက်ချောင်းဖွံ့ဖြိုးရေး​ဆည် ရေထိန်းတံခါးနှင့် ရေနုတ်မြောင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန်၊ ဥသျှစ်ကုန်းကျေးရွာနှင့် ကုန်းဘိုကျေးရွာ ရွာချင်းဆက်လမ်း အား မြေနီကျောက်စရစ်လမ်း ဆောင်ရွက်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားနှင့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အောင်မြင်စေရေး ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၊  ပြည်နယ်ဝန်ကြီးများ နှင့်  ဌာနဆိုင်ရာတာဝန်ရှိ သူများသည်  ယနေ့နံနက် ၉ နာရီက ချောင်းဆုံမြို့ ကျွန်းသာယာခန်းမတွင်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအောင်မြင်စေရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ​တွေ့ဆုံ သည်။ 

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများပိုမိုရရှိစေရန်၊ အသိပညာဗဟုသုများ ပိုမိုတိုးပွားစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်း အဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီ အမျိုးသမီးအား ကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ အကြီးတန်း(၅)ယောက်တွဲ ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်

လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သူများ ဖြစ်ပေါ်လာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင်စုနယ်မြေကိုယ်စားပြု အားကစား သမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ၏ အကြီးတန်း(၅)ယောက်တွဲပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီခွဲတွင် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း အားကစားခန့်းမ၌ စတင် ကျင်းပလျက်ရှိသည်။

ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာအုပ်စု တော်ခရမ်းလေး-တိုက်ကြီး ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင်  ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာအုပ်စု၊ တော်ခရမ်းလေး-တိုက်ကြီး ကျေးရွာချင်း ဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နေ့လည်၂နာရီက အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်တွင်ကျင်းပခဲ့‌ကြောင်း သိရသည်။
Subscribe to