ဒေးဒရဲမြို့၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အမှတ် (၂)ရပ်ကွက်၊ မင်္ဂလာကံကျောင်းတိုက်ရှိ သံဃာ့နာယကအဖွဲ့ရုံးတည်ရှိရာ သာဓုနယ တန်ဆောင်းအတွင်း၌ ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ သံဃာတော် (၁၀၁)ပါး ကြွရောက်၍ မဲပေးရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥယျာဉ်ကျေးရွာ ရတနာမဉ္ဇူတံတားသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာတွင် ( ၇၅ )နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်ခဲ့သောမွေကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ ရတနာမဉ္ဇူတံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါတံတားအနီးတွင် ကျင်းပကြောင်း သိရသည်။

မိုင်းယန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့ရက်များကို တန်ဖိုးထားမမေ့အပ်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယမန့်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ လမ်းညွှန်မှုအရ လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများက နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့် ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးရည်ရွယ်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှစ၍ ပူးပေါင်းအဖွဲ့(၂)ဖွဲ့ခွဲပြီး Mask Campaign ပြုလုပ်၍ (Mask)များကို (အခမဲ့) ဖြန့်ဝေပေးကြောင်း သိရသည်။

ခမောက်ကြီးမြို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲပြုလုပ်ခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်းများ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲပြသခြင်းနှင့် ရုပ်ပုံဆေးရောင် ခြယ်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။

မိုးညှင်းမြို့၌ မြို့နယ်သံဃာနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့နယ်သံဃာနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည် အစားထိုး ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ(၂)ရက် နံနက်(၉)နာရီခွဲတွင် မြို့မရပ်ကွက်ရှိ ဥတ္တရာ ရာမကျောင်းတိုက်၌ ကျင်းပသည်။

၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့စာကြည့်တိုက်အတွင်း၌ ဂိမ်းကစားခြင်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။                     

ရပ်စောက်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း/သာမဏေနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ(၁)ရက် နေ့မွန်းလွဲ ၂ နာရီက ကျင်းပသည်။
Subscribe to