ကိုကိုးကျွန်းမြို့နယ်၌ အသံမစဲပဌာန်းရွတ်ဖတ် ပူဇော်ပွဲပိတ်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်း နေထိုင်ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါနှင့် အခြားသော ကပ်ဘေး များကျရောက်ခြင်းတို့မှ ကင်းဝေးပပျောက်စေရန်အတွက် ကိုကိုးကျွန်းမြို့နယ် သာသနမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသ ဦးဆောင်၍ သံဃာတော်စုစုပေါင်း ၁၆ ပါးတို့မှ ၂၈-၁-၂၀၂၂ ရက်နေ့ ည (၇) နာရီအချိန်မှစ၍ ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်မှပဌာန်းဒေသနာ တရားတော် ရွတ်ဖတ် ပူဇော်ရခြင်း ပတ်သက်၍ တရားဟောကြားပြီး အသံမစဲပဌာန်းစတင်ရွှတ်ဖတ်ပူဇော်ခဲ့ကြာင်း သိရသည်။