အိန္ဒိယငရုပ်မျိုးစိုက်တောင်သူများ တစ်ပိဿ တစ်ထောင်နှစ်ရာရောင်းချရခြင်းကြောင့် မိသားစု ဝင်ငွေအဆင်ပြေနေကြ

ညောင်ဦး ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြစ်ရေတင်ဖြင့် အိန္ဒိယငရုပ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာ သည့် ငရုပ်သီးစိမ်း တစ်ပိဿတစ်ထောင်နှစ်ရာကျပ် ရောင်းချရခြင်းကြောင့် အိန္ဒိယငရုပ်မျိုးစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ အထက်ဉာဉ့်အုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စု များသည် မြစ်ရေတင်ဖြင့်လည်းကောင်း၊ မြေအောက်ရေတူးဖော်၍လည်းကောင်း သီးနှံအမျိုးမျိုး စိုက်ပျိုးကြရာ သီးနှံပေါ်ချိန် ဈေးနှုန်းကောင်းနိုင်သည့် သီးနှံများရွေးချယ်စိုက်ပျိုးကြရာ ယခုနှစ်တွင် အိန္ဒိ ယငရုပ်မျိုး ဖြစ်သည့် မျှားနီတံဆိပ်ငရုပ်မျိုးနှင့်အိန္ဒိယပက်လက်ငရုပ်မျိုးများ တောင်သူအများစု စိုက် ပျိုးကြကြောင်း သိရသည်။ တော်သလင်းလ၊ သီတင်းကျွတ်လတွင် ငရုပ်မျိုးများအား ပျိုးထောင် ကြကာ ပျိုးထောင်ပြီး ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ ရက်ရှိလျှင် ယာခင်း၊ ကိုင်းခင်းထဲသို့ ရွေ့ပြောင်း စိုက်ပျိုးကြကြောင်း၊ ငရုပ်မျိုးစေ့ ပျိုးထောင်ရာတွင် အိတ်တစ်အိတ်မျိုးစေ့(ပျိုး)တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကာ  အိန္ဒိယ မျှားနီငရုပ်မျိုးတစ်ထုပ်လျှင် မျိုးစေ့ တစ်ထောင်စေ့ပါကြောင်း ငါးထောင်ကျပ်ပေးရကာ အိန္ဒိယပက်လက် ငရုပ်မျိုး တစ်ထုပ်လျှင် တစ်ထောင်ကျပ်ပေးရကာ မျိုးစေ့လေးရာ ခန့်ပါကြောင်း သိရပြီး ယာထဲ၊ ကိုင်းကျွန်းထဲရွေ့စိုက်ပြီးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာ သုံးလခန့်တွင် ခူးဆွတ်ရောင်းချ ရကြောင်း သိရသည်။ ခုစိုက်ပျိုးထားတဲမျိုးကို မိုးထောင်မျိုး လို့လည်း ခေါ်သေးကြောင်း (အရပ်အခေါ်) သိရသည်။

မြစ်ရေတင်ငရုပ်စိုက်တောင်သူများနှင့် မြေအောက်ရေတူးဖော်ကာ စိုက်ပျိုးသည့် ငရုပ်မျိုးသည် အပြွတ် လိုက်သီးကာ မိုးပေါ်ထောင်သီးနေကြောင်း သီးတာကတော့ အတော်ကြီးသီးကြောင်း ငရုပ်သီး အမှည့်ဈေးကတော့ ဘယ်ဈေးဆိုတာမသိရသေးကြောင်း ငရုပ်နောက်ပိုင်းသီးအား မျိုးသီးအဖြစ် အမှည့် ထားကြသော်လည်း ဒုတိယမျိုးဆက်အသီးသေးငယ်ကာ ပထမမျိုး ဆက်စိုက်သလောက် အသီး မသီးသောကြောင့် ငရုပ်သီးမှည့်မျိုးမယူကြဘဲ အမှည့်သာဆွတ်ခူးပြီး ရောင်းချကြကြောင်း၊ လက်ပံခြေ ပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာမှ ငရုပ်စိုက်တောင်သူ ဦးကျော်ဟန်ဦး ပြောကြားသည်။

အဆိုပါ ငရုပ်စိုက်တောင်သူများသည် ငရုပ်သီးများလှိုင်လှိုင်သီးချိန် နတ်တော်လပြည့်ကျော်မှ တပေါင်းလ၊ တန်ခူးလထိ ငါးရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း စိုက်ခင်းကျယ် ကျယ်သလို ငရုပ်အထွက်များ ကြောင်းသိရကာ ငရုပ်သီးခူး သမတစ်ဦးလျှင် တစ်နေကုန် သုံးထောင်ကျပ်ပေးငှား ရကြောင်းနှင့် ထွက်ရှိ လာသည့် ငရုပ်သီးများအား ပခုက္ကူဈေးကွက်၊ မြင်းခြံဈေးကွက်နှင့် ညောင်ဦး ဈေးသို့သွားရောက် ရောင်းချခြင်းနှင့် ငရုပ်သီးပွဲစားများရွာထိ လာရောက်ဝယ်ယူကြကြောင်း ငရုပ်သီး တစ်ပိဿ တစ်ထောင် ဈေးအောက်မကျရောက်နိုင်ကြောင်း အတက်ဈေးသာရှိနိုင်ကြောင်းနှင့် ငရုပ်စိုက်တောင်သူများ လိုချင် သည့်ဈေးနှုန်းရရှိခြင်းကြောင့် ငရုပ်စိုက်ပျိုးတောင်သူများ အဆင်ပြေ နေကြကြောင်း ဦးစိုးလင်းထံက သိရသည်။

ကိုထိန်၊KPD