သံဖြူဇရပ်မြို့တွင် အသက် (၁၅)နှစ်အောက် ကလေးငယ် (၈၈၃)ဦး ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပြီးစီး

သံဖြူဇရပ် ဖေဖော်ဝါရီ

အသက် ၁၅ နှစ်အောက် ကလေးငယ်များ ပိုလီယိုရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏ဘဝ ပိုလီယိုရောဂါ
ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်သံဖြူဇရပ် မြို့နယ်  စက်စဲကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့နံနက် ၁၀ နာရီ မှ စတင်ပြီး ပိုလီယိုကာကွယ်ဆေး (OPV) ဆက်လက်တိုက်ကျွေးသည်။

ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းဖြင့် ကလေးငယ်များ ပိုလီယိုရောဂါ ဖြစ်ပွားခြင်း၊ ကူးစက်ခြင်းမှ ကာကွယ်နိုင်ပြီး၊ကလေးများ၏ အနာဂတ်ဘဝ လှပမည်ဖြစ်သည့်အတွက် မိဘအုပ်ထိန်းသူများ အနေဖြင့် သားသမီးများ အနာဂတ်ဘဝလှပစေရေးအတွက် ပိုလီယို ကာကွယ်ဆေး မပျက်မကွက် တိုက်ကျွေးရန်လိုအပ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သံဖြူဇရပ်မြို့နယ် စက်စဲကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဖေဖော်ဝါရီ ရက်နေ့အထိ  ကလေးငယ် စုစုပေါင်း( ၈၈၃)ဦးကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးနိုင်ခဲ့ကြောင်း သိရသည်။

အေးအေးမွန်