နောင်တရား ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အမှတ်(၃)ရပ်ကွက်၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက တိုးပွားလူနေအိမ်များ အတွက် (၄၀၀)ဗို့ ဓါတ်အားလိုင်း တိုးချဲ့တည်ဆောက်လျက် ရှိသည်။
နောင်တရားမြို့ အမှတ်(၃)ရပ်ကွက်မှ ဓါတ်အားလိုင်းနှင့်ဝေးကွာသည့် နေအိမ်များနှင့် တိုးပွားလာမည့် လူနေအိမ်များအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရခွင့်ပြု ရန်ပုံငွေဖြင့် (၀.၈)မိုင်ရှိသည့် (၄၀၀)ဗို့ဓါတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုခဲ့ပြီး ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးရေး၊ လျှပ်စစ်ဓါတ်အား ပြည့်ဝစွာရရှိရေး၊ ဗို့အားပြည့်ရရှိရေး၊ လျှပ်စစ်ဓါတ်အား ပျောက်ဆုံးယူနစ် လျော့နည်းမှု မရှိစေရေးအတွက် နောင်တရားမြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးခွန်အောင်ကြီးက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)