မလှိုင် ဖေဖေါ်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ကုန်းတဲ၊ မြို့မဈေး၊ ဆုံတွင်း၊ ဝါးခွ ကျေးရွာအုပ်စုများမှ အသက် (၁၈) နှစ်အထက် ပြည်သူများကို ယမန်နေ့က သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
ကုန်းတဲကျေးရွာ ကာကွယ်ဆေးထိုးစုရပ်အဖြစ် အ.မ.က ကုန်းတဲ၊ မြို့မဈေးအတွက် ဆေးထိုးစုရပ်အဖြစ် အ.ထ.က(မလှိုင်)၊ ဆုံတွင်းကျေးရွာနှင့် ဝါးခွကျေးရွာ ဆေးထိုးစုရပ်အဖြစ် သက်ဆိုင်ရာကျေးရွာ ကျန်းမာရေး ဆေးခန်းများ၌ ဆေးထိုးစုရပ်အဖြစ် သတ်မှတ်ထားပြီး သတ္တမအသုတ် ၊ ပထမအကြိမ် COVISHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး အ.မ.က ကုန်းတဲဆေးထိုး စုရပ်တွင် (၉၉) ဦး၊ အ.ထ.က(မလှိုင်) ဆေးထိုးစုရပ်တွင် (၁၅၄) ဦး၊ ဆုံတွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စုရပ်တွင် (၁၅၄) ဦး ၊ ဝါးခွကျေးရွာ ကျေးလက်ကျန်းမာရေးဌာနစုရပ်တွင် (၂၂ဝ) ဦး ၊ စုစုပေါင်း(၆၂၇) ဦး တို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည် ။
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား/သူ အပါအဝင် လျာထားလူဦးရေ (၁၃၄ဝ၇၆) ဦး ရှိပြီး ဖေဖေါ်ဝါရီ (၄)ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးသူ (၇၅၄ဝ၉ ) ဦးရှိ၍ ကိုဗစ်-၁၉ ကာကွယ်ဆေထိုးနှံ ပြီးစီးမှု ရာခိုင်နှုန်း( ၅၆ ဒသမ၂၄ ) ရှိကြောင်းသိရသည်။
အောင်ဌေး (မလှိုင်)