မန္တလေးမြို့တွင် ရုံးပိတ်ရက် အလုပ်နားရက် ဘုရားဖူးသူများဖြင့် စည်ကား

မန္တလေး   ဖေဖော်ဝါရီ ၆

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ရုံးပိတ်ရက် အလုပ်နားရက်များဖြစ်သည့် ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဘုရားဖူးသူများလာရောက်မှုကြောင့် စောင်းတန်းများတွင် ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချရာတွင် ယခင်လများထက် ရောင်းဝယ်မှု ကောင်းမွန်ကြောင်း ဈေးသည်တစ်ဦးက ပြောသည်။

“အရင်လတွေက အရောင်းအဝယ်အေးပါတယ်။ အခုလ ပိုင်းကစပြီး အရောင်းအဝယ် သွက်လာပါတယ်။ မန္တလေးက လက်မှုပညာသာမက မုံရွာဘက်က လက်မှုပညာတွေပါ ယူပြီးရောင်းပါတယ်။ ဒေသစုံပစ္စည်းစုံပါ ဘုရားကြီးတွင်ရွှေသင်္ကန်း ကပ်လှူပူဇော်ရေးအတွက် အစီအစဉ်တကျဆောင်ရွက် ထားရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးနှင့်အညီ ဘုရားဖူးပြည်သူများအား စီစဉ်ဆောင်ရွက်ပေး ထားကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)