ပြင်စလူမြို့တွင်ခရီးသွားပြည်သူများ၊ကုန်တင်ကုန်ချအလုပ်သမားများ၊ဆိုင်ကယ် (Taxi)မောင်းသူများအား(RTD) Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ဆောင်ရွက်

ပြင်စလူမြို့    ဖေဖော်ဝါရီ   

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မြို့ နယ်အတွင်း ခရီးသွားပြည်သူများ ကုန်တင်ကုန်ချ အလုပ်သမားများ၊ ဆိုင်ကယ် (Taxi)မောင်းသူများအား(RTD) Test Kits ဖြင့်ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းကိုယမန်နေ့နံနက်ပိုင်းက ပြင်စလူမြို့၊ကမ်းနားလမ်းရှိ ကုန်တင်ကုန်ချဆိပ်ကမ်းကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ (RTD) Test Kits  ဖြင့်စစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နယ်မြေရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လပွတ္တာမှ ပြင်စလူမြို့သို့ ရေယာဥ်ဖြင့် ရောက်ရှိလာသည့် ခရီးသွားပြည်သူများ၊ ရေယာဥ်တွင်လိုက်ပါ ဆောင်ရွက်နေသည့် ရေယာဥ်မောင်းနှင့်လုပ်သားများ၊ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ ၊ ဆိုင်ကယ်(Taxi)မောင်းသူများ၊ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ( RTD)(Test Kits)ဖြင့် အခမဲ့ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဆိပ်ကမ်းစျေးရောင်း၊ စျေးဝယ်များအား (Mask)များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြင်စလူမြို့၊ ကျန်းမာရေးဦးစီးဌာနက ခရှီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ထားသည့် ကတ်ပြားများကိုင်ဆောင်၍ ပြင်စလူ မြို့ပေါ်သို့ တက်ရောက်ကြရန်နှင့် ကတ်ပြားများ ပြသနိုင်ခြင်း မရှိပါက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးမှု ခံယူပြီးမှသာ တက်ရောက်ကြရမည်ဖြစ်ကြောင်းအသိပေး နှိုးဆော်ထားကြောင်းသိရသည်။

ဇော်ဝင်းထွန်း (ပြန်/ဆက်)