ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထအကြိမ် ထိုးနှံပြီးသူ ၁၁၅၂၉၄ ဦးရှိပြီး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၈၆၂၈၇ ဦးရှိ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ် ဆေးထိုးစုရပ်များ ဖွင့်လှစ် ထိုးနှံပေးလျက်ရှိရာ၊ ဖေဖော်ဝါရီ(၄)ရက်နေ့အထိ ပထမကြိမ်ဆေးထိုးနှံပြီးသူ (၁၁၅၂၉၄)ဦးရှိပြီး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ (၈၂၈၇၆)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေးနှင့် ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်စေရေးအတွက်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်လျှက် မြို့ပေါ်ဆေးထိုးစုရပ် များဖြစ်သည့် သာသနာ့ ဗိမ္မာန်နှင့် မြို့နယ်အားကစားခန်းမတို့တွင် ဖွင့်လှစ်ထိုးနှံပေးလျှက်ရှိသည့်အပြင်၊ ကျေးရွာအုပ်စုများတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါ၍ ကွင်းဆင်းထိုးနှံပေးလျှက်ရှိရာ၊ တစ်မြို့နယ်လုံး ဆေးထိုးနှံရန် အကျုံးဝင်သူ စုစုပေါင်း(၂၁၂၃၀၁)ဦး ရှိသည့်အနက်၊ ဖေဖော်ဝါရီ(၄)ရက်နေ့ ဆေးထိုးစုရပ် ပိတ်သိမ်းချိန်အထိ ပထမအကြိမ် ဆေးထိုးနှံပြီးစီးသူ (၁၁၅၂၉၄)ဦး ရှိပြီး၊ ဒုတိယအကြိမ်ဆေးထိုးနှံပြီးသူ(၈၆၂၈၇)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရပြီး၊ ဖေဖော်ဝါရီ(၄)ရက်နေ့မှ စ၍ Phase -7 (First Dose) ထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေအောင် (ပြန်/ဆက်)