ဝေါ ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဝေါမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝေါမြို့ အထက်တန်း ကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)