မရမ်းကုန်း ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင် မရမ်းကုန်း မြို့နယ်ကြက်ခြေနီ အသင်းခွဲကကြီးမှူးဖွင့်လှစ်သော (၁/၂၀၂၂) ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက အမှတ် (၈)ရပ်ကွက် ရေကူးဘူတာရုံလမ်းရှိ လောကသစ္စာဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာများနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်ရိုးဆက်ကြောဒဏ်ရာများ အကြောင်း၊ ကိုင်တွယ်နည်းနှင့်သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်ကူပြုနည်း အစရှိသည့် သင်ခန်းစာများကို မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူးဦးမောင်မောင်မြင့်နှင့် သင်တန်း ဆရာများက သင်ကြားဆောင်ရွက်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက် သင်ကြားလျက်ရှိရာ သင်တန်း ကာလမှာ(၅-၂-၂၂ မှ ၇-၂-၂၀၂၂) ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)