ပဲခူး ဇန်နဝါရီ ၂၇
ပဲခူးခရိုင် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၀၈:၃၀အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရမည့်် ဘုရားကြီးမြို့ရပ်ကွက်များ၊ အင်းတကော်မြို့ ရပ်ကွက်များနှင့် ကျေးရွာအုပ်စု(၆၂)အုပ်စုမှ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူ နိုင်ခြင်းမရှိသူများ အနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)