ကြံခင်းမြို့တွင် အသိပေးထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ကြံခင်း    ဇန်နဝါရီလ    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ကြံခင်းမြို့တွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၈)နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ် လျှောက်နှင့် မြို့မဈေးအတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် အသိပေးသတင်းထုတ်ပြန်ချက်များဖြစ်သည့်အကြမ်းဖက် အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့နှင့်ဆက်နွယ်‌နေ သောအဖွဲ့အစည်းများ ၊လူပုဂ္ဂိုလ် များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေး ကိုပျက်ပြားစေရန်၊ ပြည်သူလူထုအားကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည် အသံတိတ်သပိတ် ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်၊၊ အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်မှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက် ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ကနှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သည်များ ပါဝင်ကြောင်း  ပြည်သူများ လက်ဝယ်သို့ အသိပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)