ကျိုက်လတ်မြို့၌ အသိပေးထုတ်ပြန်ချက်အား ပြည်သူများသိရှိစေရေး လိုက်လံကြေညာ

ကျိုက်လတ်      ဇန်နဝါရီလ   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် အသံတိတ်သပိတ် (Silent Strike)နှင့် ပတ်သက်၍ ပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်များအား ပြည်သူများ သိရှိစေရေးအတွက်   လိုက်လံကြေညာခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ရပ်ကွက် များ၊ ဈေးများတွင် ဆောင်ရွက်ကြကြောင်း  သိရသည်။

အဆိုပါအသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊  NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့်  ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်း၊ Silent Strike အသံတိတ်သပိတ်) ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်းနှင့် အခြားဆန္ဒဖော်ထုတ်ခြင်းများမပြုရန် အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ကနှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်း အား မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ မြို့မဈေးကြီး၊ အောင်မြင့်ရ်မိုဈေး၊ လှည်းဆိပ်ဈေး၊ အောက်ရွာလေးဈေးများတွင် အသံချဲ့စက်ဖြင့် ကျိုက်လတ်မြို့ နယ်စည်ပင်သာယာရေး  ဦးစီးဌာနက လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)