မချမ်းဘော့မြို့၌ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအသိပညာပေးဆွေးနွေးပွဲကျင်းပ

မချမ်းဘော့ ဇန်နဝါရီ  ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအသိပညာပေးဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမတွင် ယနေ့နေ့လည် ၁၂နာရီ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံမင်းသွင်က ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊လက်အောက်ခံအဖွဲ့အစည်းများ ယင်းတို့နှင့်ဆက်နွယ်နေသူလူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ‌အရေးယူနိုင်ကြောင်း အသိပေးထုတ်ပြန်ချက်အားရှင်းလင်းပြောကြားပြီး အဆိုပါသတင်းထုတ်ပြန်ချက်ကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပေးနိုးဆော်ရန် မှာကြားခဲ့ကြောင်း၊ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားကာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းထားကြဖို့၊နိုင်ငံတော်၏တာ၀န်ကို အားတက်သရော ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ဦးဝေယံကျော်က အားကစားနှင့်မူးယစ်ဆေးဝါးဆိုင်ရာအ‌ကြောင်းအရာများ၊SARS-Covid-2 Variant Omicron
(အိုမီခရွန်)သမိုင်းအကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်‌ေဆးထိုးခြင်းအားဖြင့် အိုမီခရွန် ရောဂါကာကွယ်ပေးနိုင်မှုအခြေအနေများကို အကျယ်တ၀င့်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး ဒေါ်ခိုင်ယုယုကျော်တို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ခေါက်ဆွဲခြောက်နှင့်ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်