ချောက်မြို့နယ်တွင် ဒေသခံပြည်သူများ သိရှိလိုက်နာစေရေး အသိပေးထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်

ချောက် ဇန်နဝါရီလ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရအမိန့်(၃/၂၀၂၂) အသိပေးထုတ်ပြန်ချက်များအား ဒေသခံပြည်သူများ သိရှိလိုက်နာစေရန် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှိုးဆော်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

ထိုသို့နှိုးဆော်အသိပေး သတင်းထုတ်ပြန်ရာတွင် ချောက်မြို့ရှိ ဒေသခံ ပြည်သူများအပါအဝင် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူများ အနေ ဖြင့် မိမိတို့ဖွင့်လှစ်ရောင်းချနေသော Suppermarket များ၊ Minimarket များ စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များ၊ အသုပ်ဆိုင်များ၊ ကွမ်းယာဆိုင်များ၊ စတိုးဆိုင်များ၊ အိမ်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ ပွဲရုံလုပ်ငန်းများ၊ ဆေးဆိုင်များ၊ ပုံနှိပ်/မိတ္တုလုပ်ငန်းများ၊ ဆီစက်လုပ်ငန်းများ၊ ယာဉ်လိုင်းလုပ်ငန်းများ၊ စည်ပင်သာယာစျေးများရှိ ဆိုင်ခန်းများအနေဖြင့် နိုင်ငံတော်မှ မတရားအသင်းအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မမှန်မကန်သတင်းထုတ်လွင့်မှုများနှင့် သွေးထိုးလှုံဆော်မှု များအပေါ် လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ မိမိတို့၏လုပ် ငန်းများအား ပုံမှန်အတိုင်း ဆောင်ရွက်သွားရန်နှင့် ထိုသို့ပြုလုပ်မှုများသည် စီမံအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုနှင့် အများပြည်သူအကျိုးစီးပွားအား ထိခိုက်စေနိုင်သည့်အတွက် ပိတ်သိမ်းထားခြင်းမပြုလုပ်ရန် အမိန့်ထုတ်ပြန်ခြင်းဖြစ်ပြီး ယင်းအမိန့်ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက တည်ဆဲ ဥပဒေအရအရေးယူခံရမည်ဖြစ်ပါကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ထား ကြောင်းသိရသည်။

 

ချောက်မြို့နယ်(ပြန်/ဆက်)