လက်ပံတန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး တွေ့ဆုံ

လက်ပံတန်း ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုတိယ ဗိုလ်မှူးကြီး မင်းထင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်က ရပ်ရွာလုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအတွက်​ပြည် သူ့စစ်များဖွဲ့စည်းထားရှိ ရန်လိုကြောင်း၊ စိတ်ပါဝင်စားသူများနှင့် ဖွဲ့စည်းစေလိုကြောင်း၊ ဖွဲ့စည်း ထားရှိမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စုစည်းတင်ပြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ကျွန်းကလေးကျေးရွာ စီမံအုပ်ချုပ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ရွှေက ရန်ကုန်-ပြည်ကားလမ်း အချက်အချာကြပြီး ခရီးသွားနားနေမှုများ သော မြို့နယ်ဖြစ်သဖြင့်  လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက် များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး မိမိတို့ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စည်းလုံးတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)