ပင်းတယမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၇၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်

ပင်းတယ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် လျှောက်လွှာတင်သွင်းထားသည့် ကျောင်းသား /ကျောင်းသူ ဦးရေ ၇၇၇ ဦးရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပင်းတယမြို့နယ်အတွင်း အထက ၉ ကျောင်း၊ အထက(ခွဲ) ၇ ကျောင်း၊ အလက ၇ ကျောင်း၊ အလက(ခွဲ) ၁၂ ကျောင်း၊ မူလွန် ၇ ကျောင်း၊ အမက ၇၄ ကျောင်းနှင့် အမက(ခွဲ) ၄ ကျောင်း စုစုပေါင်း (၁၂၀)ကျောင်းရှိပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၉ ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၇၇၇ ဦးရှိရာ ကျောင်းတွင်းဖြေ ၆၃၃ ဦးနှင့် ပြင်ပဖြေ ၁၄၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပင်းတယ (ဒေသပြန်/ဆက်)