ကြို့ပင်ကောက် ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အကြမ်းဖက်အဖွဲ့အစည်းများမှ ဆိုရှယ်မီဒီယာများမှတစ်ဆင့် စည်းရုံးလှုံ့ဆော်မှုများအား ဒေသခံပြည်သူများ လိုက်ပါဆောင်ရွက်ခြင်း မရှိစေရေးအတွက် အသိပညာပေး ဆောင်ရွက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အကြမ်းဖက်အဖွဲ့အစည်းများက ဆိုရှယ်မီဒီယာများမှ စည်းရုံးလှုံ့ဆော်ထားသော အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဈေးဆိုင်များပိတ်ထားခြင်း၊ သံပုံးတီးခြင်း၊ ကာဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုတို့ဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းစသော အစိုးရအလုပ်ဌာနများမှ ဝန်ထမ်းများက လိုက်ပါပြုလုပ်ခြင်းများမရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှူးများက အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ လူစည်ကားရာနေရာများတွင် ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်အဖွဲ့အစည်းများ စည်းရုံးလှုံ့ဆော်မှုများအတိုင်း လိုက်ပါပြုလုပ်မိပါက တည်ဆဲဥပဒေတို့ဖြင့် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)