ရေဖြူမြို့နယ်၌ (၇၅) နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ်(Talk Show) ဆွေးနွေးပွဲကျင်းပ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ကျင်းပ​​ဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့ Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာ ရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်းဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပူးပေါင်းပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားလာစေရန်၊ အထွေထွေဗဟုသုတနှင့် ပြည့်စုံစေရန်၊ မြန်မာ့ရိုးရာ စကားပုံများကို သိရှိနားလည်နိုင်စေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ပသည့် စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် Mask Campaign ပြုလုပ်၍ Mask အခုရေ (၅၀၀၀) အခမဲ့ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိသူများ နေ့စဉ်နှင့်အမျှ တွေ့ရှိလာသဖြင့် မြို့နယ်အတွင်း ထပ်မံ၍ ရောဂါပိုးပြန့်ပွားမှုမရှိစေရေးနှင့် အချိန်မီကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ယမန်နေ့နံနက်(၈) နာရီတွင် ဘိုကလေး-စက်ဆန်း လမ်းဆုံ၌ ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်စေ‌ရေး အသိပညာပေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း(Mask) အခုရေ (၅၀၀၀) အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

နမ့်ခမ်းမြို့တွင်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင် ပြပွဲကျင်းပ

ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုလေ့လာမှု တိုးတက်လာစေရန်နှင့် စာအုပ်စာပေများအပေါ် စိတ်ပါဝင်စားမှု ရှိလာစေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်နေ ပြည်သူ(၁၂၁၁၇)ဦး ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ် နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ်ဆေးကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံ ပေးလျက်ရှိသည်။
Subscribe to