ထီးချိုင့်မြို့နယ် Community Centreခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ် စာစောင်ပြပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ CommunityCentre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် စာအုပ် စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါသည်။

မအီမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ပြင်ဝန်း)သို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မအီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း‌ ကျောင်း (ပြင်ဝန်း)သို့ သွား‌ရောက် ငှားရမ်းပေးခဲ့သည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲယှဉ်ပြိုင်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်အမှတ် ကျပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း ရွှေဘန်းခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ရပ်စောက်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဗဟုသုတဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကျင်းပခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုပုံပြောပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ပုံပြောပြိုင်ပွဲ ကျင်းပသည်။

ဟင်္သာတခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ပြုလုပ်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ရွှေဘိုမြို့တွင် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ပြုလုပ် ရွှေဘို ဖေဖော်ဝါရီ ၁၀ စိုးသီဟ

ဟိုပုံးမြို့နယ်၌ စိန်ရတုပြည်ထောင်စုနေ့ အသိပညာပေး (Talk show) ဆောင်ရွက် အပိုင်း(၁)

ဟိုပုံးမြို့နယ်၌ စိန်ရတုပြည်ထောင်စုနေ့ အသိပညာပေး (Talk show) ဆောင်ရွက် အပိုင်း(၁) ဟိုပုံး ဖေဖော်ဝါရီ ၁၀ ပအိုဝ်းဒေသ
Subscribe to