နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (၁၃၂၈၀ )ဦး ပြုလုပ်ပေးပြီးဖြစ်

နတ်မောက်   ဖေဖော်ဝါရီ   ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ် ရေးကတ်ပြုလုပ်ပြီးစီးသူ (၁၃၂၈၀) ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မေလ (၃)ရက်နေ့မှ ဖေဖော်ဝါရီလ (၈) ရက်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်များ လာရောက်ပြုလုပ်ကြရာ အသက်(၁၀)နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူကျား( ၇၇၀ )ဦး၊ မ(၇၈၉)ဦး၊ အသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(  ၃၂၅၄)ဦး၊ မ(၃၈၉၉ )ဦး၊ လဲ လှယ်သူ ကျား(၇၅၅)ဦး၊ မ(၈၇၇)ဦး၊ မိတ္တူ ကျား(၇၆၆)ဦး၊ မ(၃၇၉)ဦး၊ စုစုပေါင်း (၁၁၄၈၉ )ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း ကျား(၇၂၉)ဦး၊ မ(၈၆၄) ဦး စုစုပေါင်း (၁၇၉၁) ဦးတို့အား ပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာပေါင်း(၂၃၄)ရှိပြီးအဆိုပါ ရပ်ကွက်/ကျေးရွာများရှိနိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်သူများ စုစုပေါင်း(၁၃၂၈၀)ဦး ရှိပြီဖြစ်ကြောင်း၊ ကျန်ရှိနေသည့်ပြည်သူများအား ဆက်လက်ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီး အရာရှိဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်