တောင်သာမြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဆွေးနွေးပွဲကျင်းပ

တောင်သာ ဖေဖော်ဝါရီ  ၁၀

လူငယ်လူရွယ်များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး၌   ဖေဖော်ဝါရီလ(၁၂)နေ့တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆွေးနွေးပွဲကို ဖေဖော်ဝါရီ  ၈ ရက်နေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျောင်းဆရာကြီးဦးစိုးနိုင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ သည်(၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ဖြစ်ကြောင်း၊   ဤနေ့သည် တိုင်းရင်းသားအားလုံး၏စည်းလုံးညီညွတ်မှုကို ပြသောနေ့ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်မြို့၌ နန်းရင်းဝန်အက်တလီနှင့် လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ ကြောင်းစသည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းများကို ဆွေးနွေးခဲ့ကြောင်း သိ ရသည်။

ကျော်မျိုးနိုင်(တောင်သာ)