ဆင်ဆိပ်ကျေးရွာတွင် အိမ်သွယ်ရေတိုင်စနစ်သွယ်တန်းခြင်းရာနှုန်းပြည့်ပြီးစီး၊ အမှိုက်ကင်းစင်သောကျေးရွာဖြစ်လာစေရေးစုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

အိမ်မဲ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆင်ဆိပ်ကျေးရွာတွင် သမဝါနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြစ်သော အိမ်သွယ်ရေတိုင်စနစ်သွယ်တန်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် ဒေသခံ ပြည်သူများသန့်ရှင်းသော သောက်သုံးရေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးတင်မျိုးလွင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ပြီး ၎င်းလုပ်ငန်းများကို ဒီဇင် ဘာလက စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီး နေပြီဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ၂၀၂၁-၂၀၂၂ခု (၆လ) ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ငွေသိန်း(၁၀၀)ကျပ်၊ ပြည်သူထည့်ဝင်ငွေ(၅)သိန်းကျပ်စုစုပေါင်းသိန်း(၁၀၅)ကျပ်နဲ့ ဆောင်ရွက်တာဖြစ်ပြီးအိမ်သွယ်ရေတိုင်စနစ် သွယ်တန်းရာ မှာ (၄၅၀၀'×၃"ပိုက်×၂"ပိုက်)နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်လမ်းအင်္ဂါရပ်နဲ့အညီလမ်းရှိရင်လမ်းပုခုံးရှိမယ်၊နောက်လမ်းဘေးမှာရေမြောင်းရှိရမယ်စတဲ့ အချက်တွေနဲ့ပြည့်စုံတာကိုလည်းတွေ့ရပါတယ်။ရွာသားတွေရဲ့စည်းလုံးမှုကိုလည်းတွေ့ရပါတယ်လို့"အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးတင်မျိုးလွင်ပြောကြားချက်အရသိရသည်။

ဆက်လက်ပြီး အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အမှိုက်ကင်းစင်သောကျေးရွာဖြစ်လာစေရေး အတွက်ဒေသခံများ နှင့်အတူစုပေါင်းအမှိုက်ကောက်ခဲ့ပြီးစနစ်တကျစွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)