မအူပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မအူပင် ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၈)ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကူးစက်မှုများ ပြန့်နှံ့လာပြီဖြစ်သဖြင့် စျေးများနှင့် မြို့အဝင်စစ်ဆေးရေးဂိတ်တို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေလာရောက်ထိုးနှံကြရေး အသိပေးနှိုးဆော်ချက်များ ဆက်လက်လုပ်ဆောင်သွားရန်၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားမှု ကတ်ပြားများပါရှိရေး စစ်ဆေးမှုများ ကြပ်မတ်ဆောင်ရွက်သွားရန် စသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များက ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်ပတ်သတ်၍ သိရှိလိုသည်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)