မောင်တော ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာတွင် အမှတ်(၁)/ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အလယ်တန်းကျောင်း(ခွဲ)၊ အ.ထ.က(၄)မိုင် ကျောင်း၊ အ.ထ.က (ခွဲ) ကျီးကန်ပြင် တို့မှ ကျောင်းသား/သူ (၆) ဦးတို့မှ “ပြည်ထောင်စုနေ့ မိခင်သန္ဓေတည် လွတ်လပ်ရေးနေ့ အမွေကို မွေးဖွားသည် ”ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲသို့ မြို့နယ် ပညာရေးမှူး၊ အမှတ်ပေးဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ဆရာ/မကြီးများ၊ ကျောင်းသား/သူများ တက်ရောက် ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး