စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မြိတ် ဖေဖော်ဝါရီ ၉

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းကြိုကလေးငယ်များ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၉)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် မူလတန်းကြိုကလေးငယ်များက ပျော်ရွှင်စွာဖြင့် ရုပ်ပုံဆေးရောင်ချယ်၊ ရုပ်ပုံဆက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ‌ဗိုလ်ချုပ်အောင်ဆန်း ကဗျာရွတ်ဆိုခြင်း၊ ဗိုလ်တေဇနှင့် အောင်ဆန်း ဇာနည်သီချင်းသီဆိုယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မူကြိုကလေးငယ်များအားလုံးကို ဆေးရောင်ခြယ်စာအုပ်(၂)အုပ်၊ ရောင်စုံ ခဲတံ(၁)ဗူး၊ ခြင်း(၁)လုံးစီနှင့် အာဟာရမုန့်များကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)