ဗန်းမော် ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာTalk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ခရိုင်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဌေးက ဘေးအန္တရာယ်(၂)မျိုး၊ ဘေးအမျိူးအစား(၆)မျိုးနှင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ထောက်ပံ့ပေးအပ်မှု၊ လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ထောက်ပံ့နေမှုများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)