မိတ္ထီလာ ဖေဖော်ဝါရီ ၁၀
မိတ္ထီလာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကား ပြော၊ စစ်တုရင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ Presentation Roomတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ကျပန်း စကားပြော၊ စစ်တုရင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများ ဆုပေးပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော၊ စစ်တုရင်နှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိ၊ ဒေါက်တာဝင်းမင်းသိန်း၊ အားကစားနှင့် ပညာ ပေါင်းစပ် ကော်မတီဥက္ကဋ္ဌ ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာဉာဏ်ဝင်းတို့က ဆုများ အသီးသီးပေး အပ်ခဲ့သည်။
အဆိုပါ ဆုပေးပွဲအခမ်းအနာသို့ ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိက များ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ သရုပ်ပြများ နှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)