မင်းလှမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာအောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် 

မင်းလှ  ဖေဖော်ဝါရီ  ၁၀ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ရက် မွန်းလွဲ နာရီချိန်က အသိပညာပေးလုပ်ငန်းတစ်ရပ်အဖြစ်ဆောင်ရွက်ခဲ့သည်။ 

စာဖတ်ဝိုင်းတွင်  မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က စာရေးဆရာအောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများစာအုပ်မှ ကျောင်းသားလူငယ်တွေ၊ စကားမစပ်ဖြတ် ၍ ပြောခြင်း၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်၏ လူငယ်၊ သင်ကြားသင်ယူမှုဆိုတာ စသည့်အခန်းကဏ္ဍပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

 

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်တို့တက်ရောက်ခဲ့ကြပြီး  အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ပေါက်စ မင်းလှ