ဟားခါး ဖေဖော်ဝါရီ ၁၀
ဟားခါးမြို့တွင် ယခင် COVISHIELD ကာကွယ်ဆေးထိုးနှံပြီး ကာလ ၆ လပြည့်ပြီးသူများကို ယမန်နေ့မှစ၍ Booster စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Booster ကာကွယ်ဆေးကို ယခင် COVISHIELD ကာကွယ်ဆေးထိုးနှံပြီး ကာလ ၆ လပြည့်ပြီးသူ အစိုးရ ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းမဟုတ်သူများဖြစ်ပါက အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများကို ထိုးနှံပေးခြင်းဖြစ်သည်။
ကာကွယ်ဆေးကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုံးရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း