ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အိမ်အရောက် ကွင်းဆင်းဆောင်ရွက်ပေး

ဒေါပုံ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ်ဒုတိယဦးစီးမှူးဒေါ်ဆုမွန်သက်နှင့်အတူ ဝန်ထမ်းအဖွဲ့များသည်သင်္ဘောကျင်း ရပ်ကွက်ရှိ နေအိမ်များထံသို့ ယမန်နေ့ နံနက်၁၀နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို အရှိန်အဟုန်မြှင့် နေ့စဥ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ ယခင်ဆောင်ရွက်ထားပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များကို ပေးအပ်ခြင်း၊အိမ်ထောင်စုစာရင်း မရှိသူများအား အသစ်ပြုလုပ်ပေးခြင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား မြေပြင်တွင် တိုက်ဆိုင်၍ ရှိ /မရှိ စစ်ဆေးခဲ့ပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့်သင်္ဘောကျင်းရပ်ကွက်အတွင်းရှိ ပြည်သူစုစုပေါင်း ( ၂၀)ဦးတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)